Mad God (2021)

Phil Tippett ရဲ့ “Mad God” က ဘာမှန်းမသိတာကို တစ်နာရီခွဲလောက် ကြည့်နေရတယ်။ ဒီဘာမှန်းမသိဘူး ဆိုတာထဲမှာ အော်ဂလီဆန်စရာ၊ ရွံစရာတွေလည်းပါတယ်။ ဇာတ်လမ်းကြောင်းဘာညာဆိုတာထက် သူ့နဲ့အနီးစပ်ဆုံးကိုပြောရရင် အိပ်မက်မက်နေရသလိုပဲ။ ဒါပေမဲ့ ပြီးသွားမှာကြောက်နေရတဲ့ ဘယ်တော့မှမနိုးချင်တော့တဲ့ အိပ်မက်ဆိုးတစ်ခုကို မက်နေရသလိုမျိုး။