X (2022)

Ti West ရဲ့ “X” က တစ်ကယ် ဂေါ်တယ်ဗျ။ သူ့ရဲ့ plot က Texas က farmhouse တစ်ခုမှာ pornographic film ရိုက်ဖို့သွားရင်း တလွဲတွေဖြစ်တဲ့အကြောင်းပါ။ ဇာတ်လမ်း အမျိုးအစားက horror/slasher ဆိုတော့ gore ဖြစ်တာတွေ sex and violence တွေပါတယ်။ နောက်ပြီး နည်းနည်းစားတဲ့ စောင်ဆန်းတွေလည်း ပါပါတယ်။

The Outfit (2022)

Gangster ရုပ်ရှင်ဆိုပေမဲ့ ကျနော်တို့ မြင်ဖူးနေကျ ပုံစံနဲ့တော့ မတူဘူး။ ဘယ်လိုမတူလဲဆိုတော့ “The Outfit” က အပစ်အခတ်တွေ action ခန်းတွေနဲ့ gangster ရုပ်ရှင်မျိုးမဟုတ်ဘဲ ဇာတ်လမ်းဦးစားပေးတဲ့ suspenseful thriller မျိုးပါ။ 

Apollo 10½: A Space Age Childhood (2022)

“Apollo 10½” ရဲ့ storyline က ကောင်လေးတစ်ယောက် လပေါ်သွားတဲ့ ဇာတ်လမ်းလို့ ပြောထားပေမဲ့ တစ်ကယ်က Richard Linklater ရဲ့ childhood ကို ပြန်တမ်းတတဲ့ reminiscence ပါပဲ။

The Crossing (2021)

“Flee” ကို သဘောကျရင် “La traversée” (The Crossing) ဆိုတဲ့ ပြင်သစ်ကားလေးလည်း ကြည့်သင့်တယ်ဗျ။ သူလည်း Flee လို refugee ဇာတ်လမ်းမျိုးပါပဲ။ ဒါပေမဲ့ ဖြစ်ရပ်မှန်ချည်းပဲတော့ မဟုတ်ဘူးပေါ့။

Onoda: 10,000 Nights in the Jungle (2021)

Onoda (သို့မဟုတ်) ဒုတိယကမ္ဘာစစ်ကို နှစ် 30 ကြာတိုက်ခဲ့သူ တစ်ယောက်အကြောင်း